🤔ကလေးစာအုပ်တစ်အုပ်ကို
တစ်သောင်းကျော်ပေးပြီး ဝယ်ဖို့ တန်ရဲ့လား
လူသားအားလုံး ဇာတ်လိုက်စာအုပ်ကို
မဝယ်ခင် ဒါအရင်ဖတ်ပါ
– ဒီစာအုပ်ဟာ မွေးကင်းစအရွယ်ကနေ အသက် ၁၀ နှစ်အောက်ကလေးတွေကို ရည်ရွယ်ထုတ်ဝေပါတယ်။ (လူကြီးတွေဖတ်လည်း စိတ်ဝင်စားဖို့ကောင်းမှာပါ)
– အင်မတန်ရိုးရှင်းပြီး နားလည်ရလွယ်တဲ့ မြန်မာစာနဲ့ ဘာသာပြန်ထားပါတယ်။
– ကိန်းဂဏန်း ၀ မှ ၇.၅ဘီလျံထိကို ဇာတ်လမ်းဖွဲ့ရေးသားထားပါတယ်။
– ဖတ်ဖို့ စာနည်းပြီး ကြည့်ဖို့ အရုပ်များပါတယ်။တွေးဖို့ ဇာတ်လမ်းများစွာ နောက်ကွယ်မှာ ပါဝင်ပါတယ်။ အဲ့ဒီလို လှို့ဝှက်ပါဝင်တဲ့ ဇာတ်လမ်းများစွာကို စာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာမှာ ဖော်ပြထားပါတယ်။
– စာအုပ်ရဲ့ အဓိကရည်ရွယ်ချက်ဟာ လူသားအားလုံးဟာ မိမိဘဝမှာ မိမိသာ ဇာတ်လိုက်ဖြစ်တယ်။ ကိုယ့်အောင်မြင်မှုအတွက် ကိုယ်တိုင်ရုန်းကန်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ကို သွယ်ဝိုက်ညွှန်းဆိုပါတယ်။
– သူရဲကောင်းတွေကို အမွှန်းတင်လေ့ရှိတဲ့ ကလေးဇာတ်လမ်းများစွာနဲ့ ခွဲထွက်ထားတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။
– မတူကွဲပြားတဲ့ လူသားတွေရဲ့ အမူအကျင့် ၊ ဓလေ့စရိုက်တွေကို သိရှိစေနိုင်ပါတယ်။
🥰ကလေးများ လူငယ်များရဲ့ စူစမ်းလေ့လာလိုစိတ်ကို မြှင့်တင်ပေးမယ့်စာအုပ်တစ်အုပ်ပါ။ တစ်အုပ်ထဲမှာ ဇာတ်လမ်းပေါင်းများစွာပါဝင်ပြီး ချဲ့ကားစဉ်းစားနိုင်ရင် စဉ်းစားနိုင်သလောက် အတွေးနယ်ချဲ့နိုင်မှာပါ🥰
ဒီလိုထူးခြားချက်တွေကြောင့်လည်း အခုစာအုပ်ကြီးဟာ
🌟2019 ၊ Nordic Council Children and Young People’s Literature Prize
🌟2019 Gold Award for Visual Communication from Visuelt ဆုတွေရခဲ့သလို ကမ္ဘာ့အထင်ကရ ကလေးစာအုပ်ဆုဖြစ်တဲ့
🌟The World Illustration Awards 2019 မှာ နောက်ဆုံးဆန်ကာတင်ဆု စာရင်းဝင်ခဲ့ပါတယ်။
🌟ဘာသာပေါင်း ၃၀ ကျော် ဘာသာပြန်ဆိုခဲ့ပြီး ယနေ့ချိန်ထိ စောင်ရေသန်းချီရောင်းချနေရဆဲ စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ဟာ ငါတို့စာပေရဲ့ ပွဲဦးထွက် ကလေးလူငယ်ဆိုင်ရာ စာအုပ် (Illustrated Book ) ဖြစ်ပြီး စာအုပ်ကွာလတီကို အထူးဂရုစိုက်ထားပါတယ်။
မူရင်းစာရေးသူဆီက ဘာသာပြန်မူပိုင်ခွင့် ဝယ်ယူထားပါတယ်။
အတွင်းပုံများဟာလည်း Scan ဖတ်ပြီးပြန်သန့်ထားတာ မဟုတ်ဘဲ မူရင်းစာအုပ်တိုက်က ပေးပို့လာတဲ့ HD ပုံများကို ပုံနှိပ်ထားတာကြောင့် အရည်အသွေး အထူးကောင်းမွန်ပါတယ်။
မူရင်းစာအုပ်ကွာလတီအတိုင်း
🌟ကတ်ထူဖုံး (ကြိုးသီချုပ်)
(ကလေးများဟာ စာအုပ်ကိုင်တဲ့အခါ
အကိုင်အတွယ်ကြမ်းပါတယ်။
ဒါကြောင့် ကလေးစာအုပ်တွေကို ချုပ်တဲ့အခါ
ကတ်ထူဖုံးနဲ့ ကြိုးသီချုပ်ကိုသာ နိုင်ငံတကာမှာ
သုံးလေ့ရှိပါတယ်။)
🌟တစ်အုပ်လုံး ကြွေစက္ကူ
🌟တစ်အုပ်လုံး ရောင်စုံ ပုံနှိပ်ထားပါတယ်။
မူရင်းစာအုပ်တန်ဖိုးဟာ မြန်မာငွေနဲ့တွက်ရင်
သုံးသောင်းဝန်းကျင်ကျသင့်မှာဖြစ်ပေမယ့်
အခုမြန်မာဘာသာပြန်ကိုတော့
✅တန်ဖိုး – ၁၄၅၀၀ ကျပ်
✅လူသားအားလုံးဇာတ်လိုက်
✅စာမျက်နှာ – ၆၄ မျက်နှာ
✅စာအုပ်ဆိုဒ် – ၉ လက်မ x ၁၂.၃ လက်မ (A4 စက္ကူဆိုဒ်ထက်ကြီးပါတယ်)
❤️ပို့ခ Free (စာအုပ်သံတမန်မြို့များ)
❤️Surprise Gift သုံးခု (မူရင်းစာအုပ်တိုက်နဲ့ ပူးပေါင်းပေးတဲ့ လက်ဆောင်ပါ၊ မြန်မာငွေနဲ့ဆို တန်ဖိုး ၅၀၀၀၀ ကျော်တန်ဖိုးရှိပါတယ်) ကံစမ်းခွင့်
မှာယူရန်အတွက် အောက်ပါလင့်ခ်ကို နှိပ်ပါ
https://webookbot.yammobots.com/Order/ShareInfo?ID=8617
👍ဖုန်းနဲ့ဆက်သွယ်မှာယူလိုပါက
☎️09250091913
☎️09254192489
☎️09972293371 တို့ကို နေ့စဉ်
မနက်ကိုးနာရီမှညနေ ငါးနာရီအတွင်း
(တနင်္ဂနွေမပါ) မှာယူနိုင်ပါတယ်။
Reviews
There are no reviews yet.